၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်၊ နေ့လယ် ၁၂နာရီ ၅၁ မိနစ် ၅၄ စက္ကန့်အချိန်၌ မန္တလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် နှင့် ပတ်သက်သော အသိပေးထုတ်ပြန်ချက် အမှတ်စဉ် (၃)

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိုင်ငံငလျင်ကော်မတီ

၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်

၁။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် မြန်မာနိုင်ငံ ငလျင်ကော်မတီ အနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံ များကို အခြေအနေကို စနစ်တကျ စစ်ဆေးစိစစ်မှုများ ဆောင်ရွက်ရန်အတွက် စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများ အား ၂၀၂၅ ခုနစ် မတ်လ ၂၉ ရက်တွင် ဖိတ်ခေါ်ခဲ့ပါသည်။

၂။ စာရင်းပေးသွင်းသူ လုပ်အားပေးအင်ဂျင်နီယာ စုစုပေါင်း ၂၀၆၂ ဦးအထိရှိသည်ကို တွေ့ရှိရပါသည်။ ပထမဦးစွာ၊ မန္တလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု များအား အကဲဖြတ်စိစစ် စစ်ဆေးရန်အတွက် စေတနာအလျောက် ပါဝင်ကူညီလိုသည့် လုပ်အားပေး အင်ဂျင်နီယာများ၏ စိတ်အားထက်သန်မှု နှင့် စေတနာအတွက် ကျေးဇူးတင်လိုပါသည်။

၃။ ပထမအပတ်စဉ် အဖြစ် နေပြည်တော်၊ ရန်ကုန်မြို့ ၊ မန္တလေးမြို့ အစရှိသည့်မြို့ကြီးများတွင် တာဝန်ခံ အဖွဲ့များ များ ဖွဲ့စည်းကာ အဆောက်အအုံများ၏ အခြေအနေ စစ်ဆေးစိစစ်မှုနည်းလမ်း များကို သင်ကြားပေးခြင်း နှင့် ကွင်းဆင်းစိစစ်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်ခံအဖွဲ့များမှတဆင့် ရွေးချယ်ထားသော စာရင်းပေးသွင်းထားသူ လုပ်အားပေး အင်ဂျင်နီယာများကို တိုက်ရိုက် ဆက်သွယ်ညှိနှိုင်း သွားမည်ဖြစ်ပါသည်။

၄။ ယခုပထမအပတ်စဉ်တွင်မပါဝင်ခဲ့သောအင်ဂျင်နီယာများကိုနောက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဖြစ်သည့်

• အဆောက်အအုံကွင်းဆင်းအကဲဖြတ်ခြင်းလုပ်ငန်းများ

• အချက်အလက်ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုခြင်း ဆိုင်ရာ လုပ်ငန်းများ

• အွန်လိုင်းပညာပေးလုပ်ငန်းများ

• အဆောက်အအုံ အားဖြည့်ပြုပြင်ခြင်းဆိုင်ရာ လုပ်ငန်းများ

• ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ

အစရှိသည့်လုပ်ငန်းစဉ်များတွင် လုပ်အားပေးရန် လုပ်ငန်းစဉ်ခေါင်းစဉ်အလိုက် အပတ်စဉ်များကို ကြိုတင် ကြေငြာပြီး လက်တွဲဆောင်ရွက်နိုင်ကြရန် အကူအညီတောင်းခံသွားမည် ဖြစ်ပါသည်။

superadmin Written by:

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *