၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်၊ နေ့လယ် ၁၂နာရီ ၅၁ မိနစ် ၅၄ စက္ကန့်အချိန်၌ မန္တလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် နှင့် ပတ်သက်သော အသိပေးထုတ်ပြန်ချက် အမှတ်စဉ် (၂)

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိုင်ငံငလျင်ကော်မတီ

၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်

၁။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် မြန်မာနိုင်ငံ ငလျင်ကော်မတီ အနေဖြင့် မန္တလေး ငလျင်ကြီးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက် အမှတ်စဉ် (၁) ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နှင့် ပူးပေါင်း၍ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျ စစ်ဆေးစိစစ်မှုများ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လုပ်ငန်းပမာဏ အလွန်ကြီးမားသည့် အတွက် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် လုပ်အားပေးအင်ဂျင်နီယာများ၏ အကူအညီ အထူးလိုအပ်လျက် ရှိနေပါသည်။
၂။ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် အခြားမြို့ကြီးများရှိ စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဖိတ်ခေါ်ပါသည်။ စိတ်ပါဝင်စားသူ အင်ဂျင်နီယာများ အနေဖြင့် အောက်ဖော်ပြပါ Google Form တွင် စာရင်းပေးသွင်းနိုင်ပါသည်။
https://docs.google.com/…/1FAIpQLSey2gQzWSK…/viewform…
အသေးစိတ်သိရှိလိုပါက –
ကိုဝေရာအောင်၊ နည်းပညာဆိုင်ရာ အင်ဂျင်နီယာ၊ တယ်လီဖုန်း – ၀၉ ၄၅ ၆၆၇ ၂၂၉၃
Email – [email protected]
သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၃။ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကိုစစ်ဆေးရာတွင် စနစ်တကျနှင့် တပြေးညီ ဖြစ်စေရန် Online မှ သင်တန်းတစ်ခုအား အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လုပ်အားပေးလိုသူ အင်ဂျင်နီယာများ အနေဖြင့် ၂၀၂၅ ခုနစ်၊ ဧပြီလ ၁ရက် နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

superadmin Written by:

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *